ပုဒ်မ ၅၃
ပုဒ်မ ၅၃
မိဘဘိုးဘွားတို့မှ ဆက်ခံရရှိသည် ပစ္စည်းနှင့် စပ်လျဉ်း၍ ပေးဆပ်ရန်တာဝန်

သေသူမိဘဘိုးဘွား၏ကြွေးမြီနှင့် စပ်လျဉ်း၍ ဒီကရီချမှတ်ထားရာတွင် ထိုကြွေးမြီကို ဟိန္ဒူ ဥပဒေအရ ပေးဆပ်ရန် တာဝန်ရှိသည့်သား၊မြေး သို့မဟုတ် အခြားမျိုးနွယ်၏ လက်ဝယ်တွင်ရှိသော ပစ္စည်း သည် ပုဒ်မ ၅ဝ နှင့် ၅၂ ပါကိစ္စများအလို့ငှာသား သို့မဟုတ် အခြားမျိုးနွယ်၏ လက်ဝယ်သို့ သေသူ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ရရှိလာသည့် သေသူ၏ပစ္စည်း ဖြစ်သည်ဟု မှတ်ယူရမည်။

မှတ်စု။ ancestral property ဆိုသည့် စကားရပ်ကို ဆရာမြ၏ တရားမကျင့်ထုံးဥပဒေ ဘာသာပြန်ဆိုချက်တွင် “ဘိုးဘွားပိုင် ပစ္စည်း” ဟု ဘာသာပြန်ဆိုထားပြီး။ ဆရာ ဦးကျော်အေး၊ တရားမကျင့်ထုံးဥပဒေဘာသာပြန်ဆိုချက်တွင် “မိဘဘိုးဘွားတို့မှ ဆက်ခံရရှိသည် ပစ္စည်း” ဟု ဘာသာပြန်ပြန်ဆိုထားပါသည်။ ဤ ဘာသာပြန်ဆိုချက်တွင် ဖတ်ရှုသူနားလည်စေရန် ဆရာဦးကျော်အေး၏ ဘာသာပြန်ဆိုချက်ယူ၍ “ မိဘဘိုးဘွားတို့မှ ဆက်ခံရရှိသည် ပစ္စည်း” ဟု ဖြည်စွက်ဘာသာပြန်ဆိုပေးထား ပါသည်။