ပုဒ်မ ၄၅
ပုဒ်မ ၄၅
ရွေးကောက်ပွဲကျင်းပခြင်း

(က) မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပသို့ရောက်နေသော တပ်မတော်သားများ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်ရောက်နေရသော အတွင်းလူနာ များနှင့် ယာယီနေရပ်စွန့်ခွာနေရသူများသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ် အတွက် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်။

(ခ) မဲဆန္ဒနယ်အတွင်းရှိနေသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက်ဆန္ဒမဲမပေးနိုင်သည့် အောက်ပါ ပုဂ္ဂိုလ်များကို ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သတ်မှတ်ထားသည့်အတိုင်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည် -

(၁) အနာကြီးရောဂါစွဲကပ်နေသူ၊

(၂) ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသူ၊

(၃) အိုမင်းမစွမ်းသူ၊

(၄) သားဖွားနေသူ၊

(၅) ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရသူ၊

(၆) ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရသူ၊

(၇) နိုင်ငံ့ဝန်ထမ်း၊ တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် မဲစာရင်း ပါရှိရာဒေသမှ ကျော်လွန်၍ ယာယီတာဝန်သွားရောက်ထမ်းဆောင်နေရသူ။

(ဂ) ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်တွင် မိမိကိုယ်တိုင်ရေးသွင်းရန် အခက်အခဲ ရှိသူများအတွက် သို့မဟုတ် အီလက်ထရောနစ် မဲပေးစက်ဖြင့် မိမိကိုယ်တိုင်ဆန္ဒပြုရန် အခက်အခဲရှိ သူများအတွက် ဆန္ဒပြုရမည့်နည်းလမ်းကို နည်းဥပဒေများဖြင့် သတ်မှတ်ပေးရမည်။