ပုဒ်မ ၂၅၆
ပုဒ်မ ၂၅၆
ခုခံချေပခြင်း

(၁) အကယ်၍ တရားခံက ဖြေကြားရန် ငြင်းဆိုလျှင်၊ သို့မဟုတ် ဖြေကြားလျှင်၊ သက်သေတစ်ဦးတစ်ယောက်ကို ပြန်လှန်စစ်မေးရန် ၎င်းတွင် ဆန္ဒရှိ မရှိ အကယ်၍ ပြန်လှန် သို့မဟုတ် စစ်ဆေးစီရင်ရန် တောင်းဆိုလျှင် သက်သေခံချက် ရယူပြီးဖြစ်သည့် တရားလိုဘက် စစ်မေးရန်ဆန္ဒရှိလျှင် မည်သည့်သက်သေကို ပြန်လှန်စစ်မေးလိုကြောင်း တရားခံအား ချက်ချင်း တင်ပြစေရမည်။ အကယ်၍ တရားခံက ယင်းကဲ့သို့ဆန္ဒရှိကြောင်း တင်ပြလာလျှင် ၎င်းက အမည် စာရင်းပေးသည့် သက်သေများကို ပြန်ခေါ်ပေးရမည်။ ပြွန်လွန်စစ်မေးခြင်းနှင့် ထပ်မံစစ်မေး ခြင်း(ရှိခဲ့လျှင်) များပြီးဆုံးသည့်အခါ ယင်းသက်သေများကို ပြန်လွှတ်လိုက်ရမည်။ ထိုနောက် ကျန်ရှိနေသေးသည့် တရားလိုဘက်သက်သေများ၏ သက်သေခံချက်များကို ရယူမည်။ ပြန်လှန် စစ်မေးခြင်းနှင့် ထပ်မံစစ်မေးခြင်း (ရှိခဲ့လျှင်) များပြီးဆုံးသည့်အခါ ၎င်းသက်သေတို့ကိုလည်း ပြန် လွှတ်လိုက်ရမည်။ ထိုနောက် တရားခံကို ခုခံချေပစေရန် ဆင့်ဆိုရမည်။ အကယ်၍ တရားခံက ရေးသားလျှောက်ထားချက် တစ်စုံတစ်ရာတင်သွင်းလျှင် ယင်းတင်သွင်းသည့် ရေးသားလျှောက် ထားချက်ကို အမှုတွဲတွင် တွဲထားရမည်။

(၂) တရားခံက ခုခံချေပသည့်အခါ ၎င်းအတွက် ကိုယ်တိုင်သက်သေအဖြစ် အစစ်ခံရန်ဆန္ဒရှိ မရှိ မေးမြန်းရမည်။ ထို ့ပြင် ရာဇဝတ်တရားသူကြီးက ပုဒ်မ ၃၄၂၊ ပုဒ်မခွဲ (၁) ပါလိုအပ်ချက်များအတိုင်း တရားခံကိုသတိပေ။ရမည်။ အကယ်၍ တရားခံက သက်သေခံ ချက်ပေးရန်တင်ပြလျှင်၎င်း၏ သက်သေခံချက်ကို ရယူမည်။ ပြန်လှန်စစ်မေးခြင်းနှင့် ထပ်မံစစ်မေး ခြင်း (ရှိခဲ့လျှင်) များ ပြီးဆုံးသည့်အခါ တရားခံဘက်သက်သေများ(ရှိခဲ့လျှင်) ၏ သက်သေခံချက် များကို ရယူရမည်။ အကယ်၍ တရားခံက သက်သေခံချက်ပေးရန်ငြင်းဆိုလျှင် တရားခံဘက် သက်သေများ၏ သက်သေခံချက်များကို ရယူပြီး ပုဒ်မ ၃၄၂၊ ပုဒ်မခွဲ(၂)တွင်ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ၎င်းကို စစ်မေးရမည်။