(၁) ပြည်ထောင်စုတရားလွှတ်တော်ချုပ် (Supreme Court of the Union)၊ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ် တရားလွှတ်တော် (High Court of the Region or State)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး (Court of Self-administered Division or Zone) သို့မဟုတ် ခရိုင်တရားမရုံး (District Court) သည် အမှုသည်များအနက် အမှုသည်တစ်ဦးဦး၏ လျှောက်ထားချက်အရ အကြောင်းကြားစာ ပေး၍ ကြားနာပြီးနောက်ဖြစ်စေ၊ အကြောင်းကြားစာ မပေးဘဲ မိမိအလိုအလျောက် (of its own motion) ဖြစ်စေ၊ မည်သည့် အဆင့်တွင်မဆို–
(၂) ပုဒ်မခွဲ (၁) အရ လွှဲပြောင်းခြင်း သို့မဟုတ် ရုတ်သိမ်းခြင်း ခံရသော အမှုကို ထိုနောက်ပိုင်း၌ စစ်ဆေးသော တရားရုံးသည် အထူးညွှန်ကြားချက်များ မရှိပါက အမှုကို အစမှ ပြန်လည်စစ်ဆေးနိုင်သည် (retry) သို့မဟုတ် လွှဲပြောင်း၊ သို့မဟုတ် ရုတ်သိမ်းခဲ့သည့် အဆင့်မှ ဆက်လက်စစ်ဆေးနိုင်သည်။။
(၃) ဤပုဒ်မပါ ကိစ္စများအလို့ငှာ တွဲဖက်တရားသူကြီးရုံးများနှင့် ဒုတိယတရားသူကြီးရုံးများသည် ခရိုင်တရားမရုံး၏ လက်အောက်ခံရုံးဖြစ်သည်ဟု မှတ်ယူရမည်။ (ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၉ ဖြင့် တရားလွှတ်တော်ကို တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ဖြင့် အစားထိုးပြင်ဆင်ထားသည်။)
(၄) xxxxxxxxxxxxxxxxxxxxxxxxxxx ။