ပုဒ်မ ၄ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ဂ) တို့အရ သတ်မှတ်ထားသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးသည် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိရွေးကောက်တင်မြှောက်ခံမည့် မဲဆန္ဒနယ်အတွင်းရှိ မဲရုံအသီးသီး၌ မိမိကိုယ်စားဆောင်ရွက်နိုင်ရန် မဲရုံကိုယ်စားလှယ်တစ်ဦးနှင့်အကူ ကိုယ်စားလှယ်တစ်ဦးစီတို့ကို သတ်မှတ်ထားသည့်အတိုင်း ခန့်ထားနိုင်သည်။ ယင်းမဲရုံ ကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတွင် ပါရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်စေရမည်။