ပုဒ်မ ၆၁
ပုဒ်မ ၆၁
လယ်ယာထွက်ပစ္စည်းကို တစ်စိတ်တစ်ဒေသ ကင်းလွတ်ခွင့်ပြုခြင်း

မြေယာကို နည်းလမ်းတကျ ဆက်လက်စိုက်ပျိုး လုပ်ကိုင်နိုင်စေရန် (due cultivation of the land) အတွက်လည်းကောင်း၊ တရားရှုံး (judgment-debtor) နှင့် ၎င်း၏ မိသားစု စားဝတ်နေရေး ထောက်ပံ့နိုင်စေရန် (support of the judgment-debtor and his family) အတွက်လည်းကောင်း နောက်တစ်ကြိမ် သီးနှံရိတ်သိမ်းချိန် (next harvest) အထိ လိုအပ်သည်ဟု နိုင်ငံတော်သမ္မတက ထင်မြင်ယူဆသော လယ်ယာထွက်ကုန် (agricultural produce) သို့မဟုတ် လယ်ယာထွက်ကုန် အမျိုးအစား တစ်ရပ်ရပ်ကို တောင်သူလယ်သမား  အားလုံး သို့မဟုတ် တောင်သူလယ်သမား လူတန်းစား တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဒီကရီအတည်ပြုရာတွင် (execution of a decree) ဝရမ်းကပ်ခြင်း (attachment) သို့မဟုတ် ရောင်းချခြင်း (sale) မှ ကင်းလွတ်ခွင့်ပြုကြောင်း ပြန်တမ်း (Gazette) တွင် ယေဘုယျ သို့မဟုတ် အထူးအမိန့် ထုတ်ပြန်၍ ကြေညာနိုင်ပါသည်။