ပုဒ်မ ၂(ဂ)
ပုဒ်မ ၂(ဂ)
ပြည်ထောင်စုအဆင့်အဖွဲ့အစည်း

ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင် စုအစိုးရအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ကို လည်းကောင်း၊ ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ ကိုလည်းကောင်း ဆိုသည်။