ဂျူရီလူကြီးများမှတစ်ပါး ဂျူရီလူ မည်သူမဆို တရားရုံးသို့ ရောက်ရှိစေရန် ဤဥပဒေအရ သမ္မန်စာ ထုတ်ဆင့်ပိုင်ခွင့် ပေးအပ်ထားသည့် မည်သည့်အမှု၌မဆို -
(က) သမ္မန်စာ မထုတ်ဆင့်မီဖြစ်စေ၊ သမ္မန်စာ ထုတ်ဆင့်ပြီးသော်လည်း တရားရုံးသို့ လာရောက်ရန် သတ်မှတ်ထားချိန် မတိုင်မီတွင်ဖြစ်စေ ထိုသူသည် ထွက်ပြေးတိမ်းရှောင် သွားပြီးဖြစ်ကြောင်း သို့မဟုတ် သမ္မန်စာကို လိုက်နာလိမ့်မည်မဟုတ်ကြောင်း တရားရုံးက ယုံကြည်ရန် အကြောင်း ရှိလျှင် သို့မဟုတ်
(ခ) အဆိုပါသတ်မှတ်ထားသည့်အချိန်တွင် ထိုသူသည် ရောက်ရှိရန်ပျက်ကွက်နေပြီး သမ္မန်စာ အတိုင်း လာရောက်ရန် သမ္မန်စာကို ထိုသူ့ထံ အချိန်မီ နည်းလမ်းတကျ ချအပ်ပြီးကြောင်း ထင်ရှား၍ ထိုကဲ့သို့ပျက်ကွက်မှုအတွက် ယုတ္တိရှိသည့် အကြောင်းပြချက် မပေးနိုင်လျှင် တရားရုံးသည် မိမိ၏ အကြောင်းပြချက်များကို ရေးမှတ်လျက် ထိုသူအား ဖမ်းဆီးရန် ဝရမ်းထုတ်နိုင်သည်။