ပုဒ်မ ၁၀၈
ပုဒ်မ ၁၀၈
ခုနစ်နှစ်ကြာမျှ သတင်းမကြားရသူအသက်ရှင်လျက်ရှိကြောင်းသက်သေထင်ရှားတင်ပြရန်တာဝန်

သို့ရာတွင်ပြဿနာမှာ လူတစ်ယောက် အသက်ရှင်လျက်ရှိသည်ဟူ၍သော်လည်းကောင်း၊ သေဆုံး ပြီဟူ၍သော်လည်းကောင်း ဖြစ်သည့်အခါ ထိုသူအသက်ရှင်လျက်ရှိပါက သူ၏သတင်းကိုသဘာဝအတိုင်းဆိုလျှင် မုချကြားရမည့်သူတို့က (၇) နှစ်ကြာမျှ ထိုသူ၏သတင်းကို မကြားရကြောင်းသက်သေ ထင်ရှားရှိလျှင်ထိုသူအသက်ရှင်လျက်ရှိကြောင်း သက်သေထင်ရှားတင်ပြရန် တာဝန်သည်ထိုသူအသက် ရှင်လျက်ရှိသည်ဟုအတည်ပြုပြောဆိုသူအပေါ်ကျရောက်သည်။