အောက်ပါပုဂ္ဂိုလ်များသည် ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရ -
(က) သာသနာ့ဝန်ထမ်းများ၊
(ခ) ထောင်ဒဏ်ကျခံနေရသူများ၊
(ဂ) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်းသတ်မှတ်ခြင်းခံရသူများ၊
(ဃ) လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူများ၊
(င) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ တားမြစ်ခြင်းခံရသူများ။