ပုဒ်မ ၃၀
ပုဒ်မ ၃၀
လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ ကြေညာခြင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်ခန့်ထားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း

(က) ဤဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည် အချင်းနှင့် ပြည့်စုံသူကိုသာလျှင် ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ခန့်ထားရမည်။ ယင်းသို့ခန့်ထား ရာတွင် ထိုသူ၏ သဘောတူညီချက်ဖြင့် ခန့်ထားရမည်။

(ခ) ပုဒ်မခွဲ (က) အရခန့်ထားသည့် ရွေးကောက်ပွဲကိုယ်စားလှယ် နုတ်ထွက်လျှင်ဖြစ်စေ၊ ကွယ်လွန်လျှင် ဖြစ်စေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရလျှင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ် လောင်းသည် ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် အခြားသူတစ်ဦးအား ခန့်ထားနိုင်သည်။