ပုဒ်မ ၄၂၄
ပုဒ်မ ၄၂၄
အောက်အယူခံ တရားရုံးများက ချမှတ်ပေးသည့် စီရင်ချက်များ

မူလစီရင်ပိုင်ခွင့်အာဏာရ ပြစ်မှုဆိုင်ရာတရားရုံးတစ်ရုံးက ချမှတ်သည့် စီရင်ချက် နှင့်စပ်လျဉ်း၍ အခန်း ၂၆ တွင် ပါရှိသည့် နည်းဥပဒေများသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တစ်ပါး မည်သည့်အယူခံတရားရုံးက မဆိုချမှတ်ပေးသည့်စီရင်ချက်နှင့် သက်ဆိုင်နိုင်သမျှ သက်ဆိုင်စေရမည်။(ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပ‌ဒေအမှတ် ၁၆/၂၀၁၆)

သို့ရာတွင် အယူခံတရားရုံးက အခြားနည်းညွှန်ကြားခြင်းမရှိလျှင် စီရင်ချက်ချမှတ် ပေးသည်ကိုနာခံစေရန်အတွက် တရားခံကိုခေါ်ဆောင်လာခြင်း၊ သို့မဟုတ် လာရောက်စေခြင်း မရှိစေရ။