ခရိုင်ရာဇဝတ်တရားသူကြီးမှအပ အခြား ရာဇဝတ်တရားသူကြီး တစ်ဦးဦးရှေ့တွင် ဤကျင့်ထုံးဥပဒေအရ ဆောင်ရွက်သည့် စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်မှု၊ သို့မဟုတ် အခြားမှုခင်းကိစ္စဆောင်ရွက်မှု တစ်ရပ်ရပ်အတောအတွင်း မည်သည့်အချိန်အခါတွင်မဆို တရားဖြောင့်မှန်ရေးအတွက် သက်သေတစ်ဦး၏ သက်သေခံချက်သည် လိုအပ်သဖြင့် ထိုသက်သေအား ကော်မရှင်စာထုတ်ဆင့်၍ စစ်မေးသင့်သည်ဟု ယူဆသောအခါ၊ ထို့ပြင် အဆိုပါသက်သေ၏ လာရောက်ခြင်းမှာ ကြန့်ကြာမှု၊ စရိတ်စက ကုန်ကျမှု၊ သို့မဟုတ် အဆင် မပြေမှုမရှိဘဲ မရရှိနိုင်ဟု ယူဆသောအခါ အဆိုပါ ရာဇဝတ်တရားသူကြီးသည် အကျိုးအကြောင်း ဖော်ပြလျက် ခရိုင်ရာဇဝတ်တရားသူကြီးထံ လျှောက်ထားရမည်။ ခရိုင်ရာဇဝတ် တရားသူကြီးသည် အထက်က ပြဋ္ဌာန်းထားသော နည်းလမ်းအတိုင်း ကော်မရှင်စာ ထုတ်ဆင့် နိုင်သည်၊ သို့မဟုတ် လျှောက်ထားချက်ကို ပယ်နိုင်သည်။