ပုဒ်မ ၄၀
ပုဒ်မ ၄၀
ခန့်ထားခြင်းခံရသော အရာရှိများ၏ အာဏာများ

အရပ်ဒေသတစ်ခုအတွင်း ဤဥပဒေအရ အာဏာတစ်စုံတစ်ရာ အပ်နှင်းခံရသော အစိုးရ ဝန်ထမ်း အရာရှိတစ်ဦးအား အလားတူ အရပ်ဒေသတစ်ခုရှိ အလားတူ ရာထူးတစ်ခုသို့ တူညီသော ရာထူးဖြင့်ဖြစ်စေ၊ ၎င်းထက် ကြီးမြင့်သော ရာထူးဖြင့်ဖြစ်စေ ရွှေ့ပြောင်းခန့်ထားသည့် အခါတိုင်း နိုင်ငံတော်သမ္မတက အခြား အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်လျှင် သို့မဟုတ် ထုတ်ပြန်ထားပြီးမရှိလျှင် ထိုသူသည် ပြောင်းရွှေ့ ခန့်ထားရာ ဒေသတွင်လည်း ရရှိရင်းအာဏာများကို သုံးစွဲရမည်။