ပုဒ်မ ၁၄၄
ပုဒ်မ ၁၄၄
ပိုနေမြဲ ကျားနေမြဲ ပြန်ထားရန် လျှောက်ထားခြင်း

(၁) ဒီကရီတစ်ရပ်ရပ်ကို ပြောင်းလဲလျှင် သို့မဟုတ် ပယ်ဖျက်လျှင် (where and in so far as a decree is varied or reversed) မူလတရားရုံးသည် (Court of first instance) ပိုနေမြဲ ကျားနေမြဲ ပြန်ထားသည့် နည်းလမ်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားနည်းလမ်းဖြင့်ဖြစ်စေ အကျိုးခံစားခွင့် ရထိုက်သူ (entitled to any benefit by way of restitution or otherwise) အမှုသည်တစ်ဦးဦး၏ လျှောက်ထားချက်အရ (on the application of any party) အဆိုပါ ပြောင်းလဲလိုက်သော သို့မဟုတ် ပယ်ဖျက်လိုက်သော ဒီကရီ သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ဒေသသာ မရှိခဲ့ပါက အမှုသည်များ ရှိမြဲဖြစ်မည့် အခြေအနေသို့ ရောက်နိုင်သမျှ ရောက်ရှိစေရန်အလို့ငှာ ပိုနေမြဲ ကျားနေမြဲ ဖြစ်အောင် ဆောင်ရွက်ပေးရမည်။

ထို့ပြင် ဤကိစ္စအလို့ငှာ တရားရုံးသည် အဆိုပါ ပြောင်းလဲချက် သို့မဟုတ် ပယ်ဖျက်ချက်၏ သင့်လျော်သော အကျိုးဆက်အဖြစ် (properly consequential on such variation or reversal) တရားစရိတ်များ ပြန်လည်ပေးအပ်ရန် (refund of costs) အမိန့်များအပါအဝင် အတိုးငွေ (interest)၊ နစ်နာကြေး (damages)၊ လျော်ကြေး (compensation) နှင့် ကြားကာလအမြတ် (mesne profits) များကို ပေးဆပ်စေရန်အတွက် မည်သည့်အမိန့်ကိုမဆို ချမှတ်နိုင်ပါသည်။

(၂) ပုဒ်မခွဲ (၁) အရ လျှောက်ထားရယူနိုင်သော ပိုနေမြဲ ကျားနေမြဲ ပြန်လည်ရခွင့် (restitution) သို့မဟုတ် အခြား သက်သာခွင့်များအတွက် (other relief) သီးခြား တရားမမှုတစ်ထုံး စွဲဆိုခွင့် မရှိစေရ။