ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာ မြေကိုပိုင်သူ၏ သို့မဟုတ် ထိုမြေကို လက်ရှိအသုံးပြုနေသူ၏ သို့မဟုတ် ထိုမြေ၌သော်လည်းကောင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်စေသော အငြင်းပွားမှုဆိုင်ရာအကြောင်း ပစ္စည်း၌ သော်လည်းကောင်း အကျိုးခံစားခွင့်ရှိထိုက်ကြောင်း ပြောဆိုသူ၏ သို့မဟုတ် ထိုရုန်းရင်းဆန်ခတ်မှုမှ အကျိုးကို လက်ခံခြင်းသော်လည်းကောင်း၊ ရယူခြင်းသော်လည်းကောင်း ပြုသူ၏ အကျိုးငှာဖြစ်စေ၊ ထိုသူ တစ်ဦးဦးအတွက်ဖြစ်စေ ရုန်းရင်းဆန်ခတ်မှုကို ကျူးလွန်သောအခါ ထိုသူတစ်ဦးဦး၏ ကိုယ်စားလှယ်က သော်လည်းကောင်း၊ ထိုသူတစ်ဦးဦး၏ မန်နေဂျာကသော်လည်းကောင်း ထိုရုန်းရင်းဆန်ခတ်မှု ကျူးလွန် တန်ရာသည်ကိုဖြစ်စေ၊ ထိုရုန်းရင်းဆန်ခတ်မှုကို ကျူးလွန်သောဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေး စုဝေးတန်ရာသည်ကိုဖြစ်စေ ယုံကြည်ရန် အကြောင်းရှိလျက်နှင့် ထိုအစုအဝေးကို မစုဝေးဖြစ်အောင်သော် လည်းကောင်း၊ ထိုရုန်းရင်းဆန်ခတ်မှုကို မဖြစ်အောင်သော်လည်းကောင်း တားဆီးရန်၊ ထို့ပြင် ထိုအစုအဝေးကိုဖြစ်စေ၊ ထိုရုန်းရင်းဆန်ခတ် ဖြစ်ခြင်းကိုဖြစ်စေ နှိမ်နင်းရန်နှင့် လူစုခွဲရန် ဥပဒေနှင့်ညီသော နည်းအမျိုးမျိုးကို မိမိတတ်စွမ်းသမျှ အသုံးမပြုလျှင် ထိုကိုယ်စားလှယ်ကို သို့မဟုတ် ထိုမန်နေဂျာကို ငွေဒဏ်ချမှတ်ရမည်။