ပုဒ်မ ၁၃၀
ပုဒ်မ ၁၃၀
အမှုသည်မဟုတ်သောသက်သေ၏ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းများကို တင်ပြခြင်း

တရားမမှုတွင် အမှုသည်မဟုတ်သောသက်သေတစ်ဦးဦးထံမှ တစ်စုံတစ်ခုသောပစ္စည်းကို အဆိုပါ သက်သေပိုင်ဆိုင်ခွင့်ရှိကြောင်းဖော်ပြသည့်စာချုပ်စာတမ်းများ သို့မဟုတ် ရွှေ့ပြောင်းနိုင်သောပစ္စည်း ကိုဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ အပေါင်ခံသူအဖြစ်အဆိုပါသက်သေကလက်ရှိထားရာ တွင် ထိုသို့လက်ရှိထားခွင့်ရှိစေသော စာချုပ်စာတမ်း သို့မဟုတ် စာချုပ်စာတမ်းတစ်ခုခုကို တင်ပြခြင်းကြောင့် ထိုသက်သေအားပြစ်မှုထိုက်သင့်စေနိုင်မည်ဖြစ်လျှင် ထိုသို့သောစာချုပ်စာတမ်းကို တင်ပြစေရန် ထိုသက်သေအား အတင်းအကျပ်မပြုရ။ သို့ရာတွင် ထိုသက်သေက ထိုစာချုပ်စာတမ်းများကိုတင်ပြပါ မည်ဟူ၍ ထိုသို့တင်ပြစေလိုသူနှင့် ဖြစ်စေ၊ ထိုသူမှတစ်ဆင့် အခွင့်အရေးတောင်းဆိုသူနှင့်ဖြစ်စေ စာဖြင့်ရေးသား၍ သဘောတူညီထားလျှင် ထိုသို့တင်ပြစေရန်ထိုသက်သေအားအတင်းအကျပ်ပြုနိုင်သည်။