(၁) တရားသူကြီးကမည်သည့်အမှုသည်မျှ ဆိုခဲ့သည့်အချိန်၌ လက်ရှိမဟုတ်ကြောင်း ဆုံးဖြတ် လျှင် သို့မဟုတ် အငြင်းပွား ပစ္စည်းသည် ဆိုခဲ့သည်အချိန်တွင် မည်သည့်အမှုသည်၏ လက်ရှိဖြစ်ကြောင်း ကျေနပ်လက်ခံခြင်းမပြုနိုင်လျှင် ထိုပစ္စည်းအပေါ် အမှုသည်များ၏ ရပိုင်ခွင့်များကိုဖြစ်စေ၊ ထိုပစ္စည်းလက်ရှိ ဖြစ်ထိုက်သူကို ဖြစ်စေ အခွင့်အာဏာရ တရားရုံး တစ်ရုံးက သတ်မှတ် မပေးမီ တရားသူကြီးက ထိုပစ္စည်းကို ဝရမ်းကပ်နိုင်သည်။
သို့ရာတွင် ခရိုင်ရာဇဝတ်တရားသူကြီး သို့မဟုတ် အငြင်းပွားပစ္စည်းကို ဝရမ်း ကပ်ခဲ့သည်။ တရားသူကြီးက အငြင်းပွားပစ္စည်းနှင့်စပ်လျဉ်း၍ ငြိမ်ဝပ်ရေး ပျက်ပြား စေနိုင်သည့် အခြေအနေ မရှိတော့ဟု ကျေနပ်လက်ခံလျှင် ကပ်ထားသည့်ဝရမ်းကို အချိန် မရွေး ပြန်ခွာနိုင်သည်။
(၂) တရားသူကြီးသည် အငြင်းပွားပစ္စည်းကို ဝရမ်းကပ်ထားသည့် အခါ မိမိသင့်သည် ထင်မြင် လျှင် ထို့ပြင် တရားမတရားရုံးတစ်ရုံးက အငြင်းပွားပစ္စည်းအတွက် ပစ္စည်းထိန်း မခန့်အပ် ရသေးလျှင် ယင်းအတွက် ပစ္စည်းထိန်း ခန့်နိုင်သည်။ ထိုပစ္စည်းထိန်းသည် တရားသူကြီး၏ ကြီးကြပ်မှုဖြင့် တရားမကျင့်ထုံး ဥပဒေအရ ခန့်ထားသော ပစ္စည်းထိန်းတစ်ဦး၏ လုပ်ပိုင်ခွင့်အားလုံးကို ရရှိစေရမည်။
သို့ရာတွင် နောက်ပိုင်းတွင် အငြင်းပွားပစ္စည်းအတွက် တရားမရုံးတစ်ရုံးက ပစ္စည်း ထိန်း တစ်ဦးခန့်လျှင် ထိုပစ္စည်းထိန်းထံသို့ တရားသူကြီးက ခန့်ထားခဲ့သည့် ပစ္စည်းထိန်း က ပစ္စည်းကို လက်ရောက်လွှဲပေးရမည်။ ထိုအခါ တရားသူကြီးခန့်ထားခဲ့သောသူသည် ပစ္စည်းထိန်းတာဝန်မှ ရပ်စဲရမည်။