ပြည်ထောင်စုအစိုးရသည် -
(က) ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့်အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ မိမိ၏အရေးယူဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ပြန်လည်အစီရင်ခံရမည်၊
(ခ) နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ တင်ပြရမည်။