ပုဒ်မ ၂၃၆ တွင် ဖော်ပြထားသည့်အချက်၌ တရားခံအပေါ် ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ထားပြီးနောက် သက်သေခံချက်တွင် ထိုပုဒ်မပါပြဋ္ဌာန်းချက်များအရ စွဲချက်တင်နိုင် သည့် အခြားကွဲပြားခြားနားသည့် ပြစ်မှုတစ်ရပ်ကို တရားခံက ကျုးလွန်ထားကြောင်း ပေါ် ပေါက်လျှင် ၎င်းကျုးလွန်သည့်ပြစ်မှုဖြင့် ၎င်းအပေါ် စွဲချက်မတင်သော်လည်း ပေါ်ပေါက်သည့် ပြစ်မှုဖြင့်ပင် ပြစ်မှုထင်ရှားစီရင်နိုင်သည်။
ဥပမာ
A အပေါ် ခိုးမှု့ဖြင့် စွဲချက်တင်သည်။ A သည် ပြစ်မှုမကင်းသော ယုံကြည်အပ်နှံ အပ်နှံရေးဖောက်ဖျက်မှု၊ သို့မဟုတ် ခိုးရာပါပစ္စည်းလက်ခံမှုကျုးလွန်ကြောင်း ပေါ်ပေါက်သည်တွင် ၎င်းအပေါ် အဆိုပါပြဲစ်မှုဖြင့် စွဲချက်မတင်ခဲ့သော်လည်း ပြစ်မှုမကင်းသောယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ သို့မဟုတ် ခိုးရာပါပစ္စည်းလက်ခံမှုဖြင့်အမှုကိုလိုက်၍ ပြစ်မှုထင်ရှား စီရင်နိုင်သည်။