ဂျရီနှင့်စစ်ဆေးစီရင်မှုတွင် တရားခံအပေါ် ပြစ်မှုတစ်ရပ်အတွက် စွဲချက်တင်ပြီး နောက် ပြစ်ချက်ဟောင်းရှိခြင်းကြောင့် ထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်ကျခံစေနိုင်သော၊ သို့မဟုတ် နောက်ထပ်ကျူးလွန်သည့်ပြစ်မှုအတွက် အခြားကွဲပြားသောပြစ်ဒဏ်ကျခံစေနိုင်သော ပြစ်မှုအတွက် ထပ်မံ၍ စွဲချက်တင်သည့်အခါ –
(၁) တရားခံကို နောက်ထပ်ကျူးလွန်သည့် ပြစ်မှုအတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်အခါတွင်မှတစ်ပါး၊ သို့မဟုတ်
(၂) နောက်ထပ် ကျူးလွန်သည့်ပြစ်မှုနှင့် စပ်လျဉ်းသော စွဲချက်အပေါ် ဂျူရီ၏ဆုံးဖြတ်ချက် ထုတ်ပြန်ပြီးသည့်အခါတွင်မှတစ်ပါး
ထိုစွဲချက်ကို တရားရုံးတွင် ဖတ်ပြခြင်းမပြုရ။ ထို့ပြင် တရားခံကိုလည်း ထုချလိုခြင်း ရှိ မရှိ မေးမြန်းခြင်း မပြုရသည့်အပြင် ထိုကိစ္စနှင့်စပ်လျဉ်းပြီး တရားလိုဘက်ကရည်ညွှန်းခြင်း၊ သို့မဟုတ် သက်သေခံချက် တစ်စုံတစ်ရာပြခြင်းလည်း မပြုရ။