မည်သူမဆိုတည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ဥပဒေကဲ့သို့အာဏာရှိသော နည်းဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ ရွေးကောက်ပွဲတစ်ခုခု၌သော်လည်းကောင်း၊ ရွေးကောက်ပွဲတစ်ခုခုနှင့် စပ်လျဉ်း၍ သော်လည်းကောင်း ကုန်ကျစရိတ်ကို ငွေစာရင်းပြုလုပ်ထားရှိရန် တာဝန်ရှိလျက်နှင့် ထိုငွေစာရင်းကို ပြုလုပ်ထားရှိရန် ပျက်ကွက်လျှင် ထိုသူကို ကျပ်ငါးသောင်းထိ ငွေဒဏ်ချမှတ်ရမည်။