အချို့အမှုများတွင် ဒီကရီအတည်ပြုခြင်းကို ပိတ်ပင်ခြင်း(Execution barred in certain cases)
(၁) တားဝရမ်းခွင့်ပြုသည့် ဒီကရီ (decree granting an injunction) မဟုတ်သော အခြား ဒီကရီတစ်ရပ်ရပ်အား အတည်ပြုပေးရန် လျှောက်ထားပြီးဖြစ်ရာတွင် အောက်ပါ နေ့ရက်များမှ ၁၂ နှစ် ကုန်လွန်ပြီးနောက် တင်သွင်းသော အသစ်ထပ်မံ လျှောက်ထားချက် (fresh application) အရ အဆိုပါ ဒီကရီအတည်ပြုသည့် အမိန့်ကို မည်သည့်တရားရုံးကမျှ မချမှတ်ရ-
- (က) အတည်ပြုပေးရန် လျှောက်ထားသော ဒီကရီကို ချမှတ်သည့် နေ့ရက် (date of the decree sought to be executed)၊ သို့မဟုတ်
- (ခ) ဒီကရီ သို့မဟုတ် နောက်ထပ် အမိန့်အရ သတ်မှတ်ထားသော နေ့ရက် သို့မဟုတ် ကာလအပိုင်းအခြားအလိုက် ငွေပေးဆပ်ရန် သို့မဟုတ် ပစ္စည်းပေးအပ်ရန် ညွှန်ကြားထားပါက ယင်းသို့ ပေးဆပ်ရန် သို့မဟုတ် ပေးအပ်ရန် ပျက်ကွက်သည့် နေ့ရက် (date of the default in making the payment or delivery)။
(၂) ဤပုဒ်မပါ မည်သည့်အချက်ကမျှ -
- (က) လျှောက်ထားသည့် နေ့ရက်မတိုင်မီ အနီးဆုံးဖြစ်သော ၁၂ နှစ် ကာလအတွင်း တရားရှုံး (judgment-debtor) က လိမ်လည်၍ဖြစ်စေ (fraud)၊ အနိုင်အထက် ပြု၍ဖြစ်စေ (force) ဒီကရီအတည်ပြုခြင်းကို တားဆီး/ပိတ်ပင်ခဲ့လျှင် ယင်း ၁၂ နှစ် ကုန်လွန်ပြီးနောက် တင် သွင်းသော လျှောက်လွှာအရ ဒီကရီအတည်ပြုသည့် အမိန့် ချမှတ်ခြင်းကို တရားရုံးအား တားမြစ်သည်ဟု မမှတ်ယူရ၊ သို့မဟုတ်
- (ခ) ကာလစည်းကမ်းသတ် ဥပဒေ (Limitation Act) ပထမဇယား၊ အပိုဒ် ၁၈၃ ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခြင်းကို ကန့်သတ်သည် သို့မဟုတ် အခြားနည်း ထိခိုက်စေသည်ဟု မှတ်ယူခြင်း မပြုရ။