(၁) အယူခံတရားရုံးသည် ပုဒ်မ ၄၁၉၊ သို့မဟုတ် ၄၂ ၀ အရ အယူခံလွှာနှင့် စာရွက်စာတမ်းမိတ္တူများ လက်ခံရရှိသည့်အခါ ၎င်းတို့ကို ကြည့်ရှုစစ်ဆေးရမည်။ ထို့ပြင် ရွက် ဖက်ရန် လုံလောက်သော အကြောင်းမရှိဟု ထင်မြင်လျှင် အယူခံကို အကျဉ်းနည်း ပလပ်နိုင်သည်။ သို့ရာတွင် အယူခံတရားလို၊ သို့မဟုတ် ၎င်း၏ရှေ့နေကို ၎င်း၏အယူခံအတွက် အထာက်အကူဖြစ်စေရန် သင့်လျော်သော လျှောက်လဲခွင့်မပေးဘဲ ပုဒ်မ ၄၁၉ အရ တင်သွင်း သည့် အယူခံမှုကို မပလပ်ရ။
(၂) ဤပုဒ်မအရ အယူခံမှုကို မပလပ်မီ တရားရုံးသည် အမှုမှတ်တမ်းကို တောင်းခေါ်နိုင်သည်။ သို့သော်လည်း ထိုသို့တောင်းခေါ်ရန် တာဝန်မရှိစေရ။