(၁) စက်ရှင်ရုံး၊သို့မဟုတ် တရားလွှတ်တော်ရှေ့ ရောက်ရှိရန် အကြောင်းရှိ သောတိုင်တန်းသူနှင့် တရားလိုဘက်သက်သေများ၊ တရားခံဘက်သက်သေများသည် စွဲဆိုရန်ဖြစ် စေ၊ သက်သေခံရန်ဖြစ်စေ ရာဇဝတ်တရားသူကြီးရှေ့ ရောက်ရှိကြသည့်အခါ စက်ရှင်ရုံး၊ သို့မဟုတ် တရားလွှတ်တော်ရှေ့သို့ သွားရောက်ပါမည့်အကြောင်း ရာဇဝတ်တရားသူကြီးထံ ခံဝန်ချုပ်ချုပ် ဆိုရမည်။
မသွားရောက် လိုကြောင်း၊ သို့မဟုတ် ခံဝန်ချုပ် မချုပ်ဆိုလိုကြောင်း ငြင်းပယ်သည့်အခါ အချုပ်ဖြင့်ထားခြင်း။
(၂) မည်သည့်တိုင်တန်းသူ၊ သို့မဟုတ် မည်သည့်သက်သေကမဆို စက်ရှင်ရုံး၊ သို့မဟုတ် တရားလွှတ်တော်ရှေ့သို့ မသွားရောက်လိုကြောင်း ငြင်းဆိုလျှင်၊ သို့မဟုတ် ညွှန်ကြား ထားသည့်အတိုင်း ခံဝန်ချုပ်ကိုလည်း မချုပ်ဆိုလိုကြောင်း ငြင်းဆိုလျှင် ၎င်းခံဝန်ချုပ်ကို မချုပ်ဆိုသည့်အတွင်း၊ သို့မဟုတ် စက်ရှင်ရုံး၊ သို့မဟုတ် တရားလွှတ်တော်ရှေ့သို့ သွားရောက်ရန် အလိုမရှိသည့်အတွင်း ၎င်းသူကို ရာဇဝတ်တရားသူကြီးက အချုပ်ဖြင့် ထားခွင့်ရှိသည်။ သွားရောက်ရန် အချိန်ကာလရောက်သည့်တိုင်အောင် ထိုသူကို စက်ရှင်ရုံး၊ သို့မဟုတ် တရားလွှတ် တော်ရှေ့သို့ ၎င်းရာဇဝတ်တရားသူကြီးက အချုပ်နှင့်တင်ပို့ရမည်။