က) ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ် ထား ရမည်။ သို့ရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပြီးပါက မဲရုံများကို ညနေ ၄ နာရီထက် စော၍ ပိတ်နိုင်သည်။
(ခ) မဲရုံကို ညနေ ၄ နာရီတိတိအချိန်တွင် ပိတ်သည့်အခါ မဲရုံမပိတ်မီ ထိုမဲရုံပရိဝုဏ်အတွင်း၌ ဆန္ဒမဲပေးရန် ရောက်ရှိနေသူများအနက် ဆန္ဒမဲမပေးရသေးသူများရှိပါက ယင်းတို့ကို စာရင်းကောက်ယူ ၍ ထိုစာရင်းတွင် ပါသူများကိုသာလျှင် ဆန္ဒမဲ ပေးချိန်ကျော်လွန်ပြီးဖြစ်စေကာမူ ဆန္ဒမဲပေးခွင့်ပြုရမည်။