ပုဒ်မ ၁၁
ပုဒ်မ ၁၁
မီးသေခြင်း

တရားမမှု သို့မဟုတ် ငြင်းချက်တစ်ရပ်ရပ်တွင် တိုက်ရိုက်အားဖြင့်လည်းကောင်း၊ အဓိကအားဖြင့်လည်းကောင်း အငြင်းပွားလျက်ရှိသော အကြောင်းအရာ (Matter directly and substantially in issue) သည် ဆိုင်ရေးဆိုင်ခွင့် တစ်ရပ်တည်းအရ (litigating under the same title) တရားဆိုင်ကြသည့် ထပ်တူအမှုသည်များအချင်းချင်း၌ ဖြစ်စေ၊ ၎င်းတို့ကို အမှီပြု၍ တောင်းဆိုသူများအချင်းချင်း၌ ဖြစ်စေ၊ ယင်းနောက်အမှုကို သို့မဟုတ် ငြင်းချက်ကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့်အာဏာရှိသော တရားရုံးတစ်ခုက ယခင်တရားမမှုတွင် ကြားနာ၍ အပြီးသတ် ဆုံးဖြတ်ပြီးဖြစ်ပါက ယင်းနောက်အမှုကို ဖြစ်စေ၊ ငြင်းချက်ကို ဖြစ်စေ မည်သည့်တရားရုံးကမျှ ထပ်မံစစ်ဆေးစီရင်ခြင်း မပြုရ။

ရှင်းလင်းချက် ၁။        ။“ယခင်အမှု (Former Suit): "ယခင်အမှု" ဆိုသည်မှာ အချင်းများလျက်ရှိသော အမှုထက် စော၍ စွဲဆိုသည်ဖြစ်စေ၊ နောက်ကျ၍ စွဲဆိုသည်ဖြစ်စေ ထိုအမှုထက် စော၍ အပြီးသတ် ဆုံးဖြတ်ထားသော အမှုကို ဆိုသည်။

ရှင်းလင်းချက် ၂။        စီရင်ပိုင်ခွင့် (Competence of Court): ဤပုဒ်မပါ ကိစ္စများအလို့ငှာ တရားရုံးတွင် စီရင်ပိုင်ခွင့်အာဏာ ရှိ၊ မရှိကို ထိုတရားရုံး၏ ဆုံးဖြတ်ချက်အား အယူခံဝင်ခွင့်နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို ထောက်ထားခြင်း မပြုဘဲ ဆုံးဖြတ်ရမည်။

ရှင်းလင်းချက် ၃။       ။အထက်၌ ရည်ညွှန်းပါရှိသည့် အကြောင်းအရာသည် ယခင်အမှုတွင် တစ်ဘက်အမှုသည်က အဆိုပြု၍ ကျန်တစ်ဘက်အမှုသည်က အတိအလင်းဖြစ်စေ၊ သဘော သက်ရောက်သောအားဖြင့်ဖြစ်စေ ငြင်းဆိုခဲ့သည့် သို့မဟုတ် ဝန်ခံခဲ့သည့် အကြောင်းအရာ ဖြစ်ရမည်။ 

ရှင်းလင်းချက် ၄။       ။ယခင်အမှုတွင် စွဲဆိုရန် သို့မဟုတ် ချေပရန် အခြေခံနိုင်သည့် အပြင် အခြေခံသင့်သည်လည်းဖြစ်သော အကြောင်းအရာသည် ယခင်အမှုတွင် တိုက်ရိုက်အားဖြင့် လည်းကောင်း၊ အဓိကအားဖြင့်လည်းကောင်း အငြင်းပွားခဲ့သော အကြောင်းအရာဖြစ်သည်ဟု မှတ်ယူ ရမည်။

ရှင်းလင်းချက် ၅ ။      ဆိုလွှာတွင် ထည့်သွင်းတောင်းဆိုထားသော သက်သာခွင့် တစ်ရပ်ရပ်ကို ဒီကရီတွင် အတိအလင်း ခွင့်ပြုထားခြင်း မရှိလျှင် ဤပုဒ်မပါ ကိစ္စများအလို့ငှာ ထိုသက်သာခွင့်ကို ငြင်းပယ်သည်ဟု မှတ်ယူရမည်။

ရှင်းလင်းချက် ၆ ။       ။လူတစ်စုသည် အများပြည်သူဆိုင်ရာ ရပိုင်ခွင့်နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပုဂ္ဂလိကရပိုင်ခွင့်နှင့် စပ်လျဉ်း၍ဖြစ်စေ အများအတွက် သဘောရိုးဖြင့် တရားဆိုင်ကြလျှင် အဆိုပါ ရပိုင်ခွင့်တွင် အကျိုးသက်ဆိုင်သူအားလုံးသည်လည်း ဤပုဒ်မပါ ကိစ္စများအလို့ငှာ ထိုသို့တရားဆိုင် ကြသူတို့ကို အမှီပြု၍ တောင်းဆိုကြသည်ဟု မှတ်ယူရမည်။