ပုဒ်မ ၄၁၅-က
ပုဒ်မ ၄၁၅-က
အချို့အမှုများတွင် အထူးအယူခံနိုင်ခွင့်ရှိခြင်း

ဤအခန်းတွင် မည်သို့ပင်ပါရှိစေကာမူ တစ်ဦးထက်ပိုသောသူများကို စစ်ဆေး စီရင်မှု တစ်ခုတည်းတွင် ပြစ်မှုထင်ရှားစီရင်သောအခါ၊ ထို့ပြင် ဆိုခဲ့သည့်သူများအနက် တစ်ဦးတစ်ယောက်နှင့် ပတ်သက်၍ အယူခံဝင်နိုင်သော စီရင်ချက်၊ သို့မဟုတ် အမိန့်ကို ချမှတ်သောအခါ အဆိုပါ စစ်ဆေးစီရင်မှုတွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူအားလုံး၊ သို့မဟုတ် တစ်ဦး တစ်ယောက်သည် အယူခံခွင့်ရှိစေရမည်။