ပုဒ်မ ၆၈
ပုဒ်မ ၆၈
မရွှေ့မပြောင်းနိုင်သောပစ္စည်းအပေါ် ချမှတ်သည့် ဒီကရီများကို အတည်ပြုရန် ကော်လိတ္တော်အရာရှိသို့ အာဏာလွှဲအပ်ခြင်း

အချို့သော ဒီကရီများကို အတည်ပြုရန် ကော်လိတ္တော်အရာရှိသို့ လွှဲပြောင်းခြင်းဆိုင်ရာ နည်းဥပဒေများ ပြဌာန်းခွင့်အာဏာ 

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းချစေရန် တရားရုံးတစ်ရုံးက အမိန့်ချ ထားသော ကိစ္စများတွင် ဒီကရီများကိုဖြစ်စေ၊ ယင်းဒီကရီများ၏ သီးခြားအမျိုးအစား တစ်ရပ်ရပ်ကိုဖြစ်စေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်း၏သီးခြားအမျိုးအစား တစ်ရပ်ရပ်ကို သို့မဟုတ် ယင်းပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့် တစ်စုံတစ်ရာကို ရောင်းချရန် အမိန့်ချထားသော ဒီကရီများကိုဖြစ်စေ တစ်ခုခုတွင် အတည်ပြုခြင်းကို ကော်လိတ္တော်အရာရှိ(collector)သို့ လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြန်တမ်းတွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကြေညာနိုင်သည်။