ပုဒ်မ ၆၉
ပုဒ်မ ၆၉
သမ္မန်စာကို မည်သို့ချအပ်ရခြင်း

(၁) သမ္မန်စာကို ဖြစ်နိုင်လျှင် သမ္မန်စာချအပ်ခြင်း ခံရသူကိုယ်တိုင်အား သမ္မန်စာနှစ်စောင် အနက် တစ်စောင် ပေးအပ်ခြင်းဖြင့် ချအပ်ရမည်။

သမ္မန်စာ လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးခြင်း

(၂) သမ္မန်စာ ချအပ်ခြင်းခံရသူတိုင်းသည် သမ္မန်စာ ချအပ်သည့်အရာရှိက လိုအပ်လျှင် ကျန်သမ္မန်စာ တစ်စောင်၏ ကျောဘက်တွင် ရရှိကြောင်း လက်မှတ်ရေးထိုးရမည်။

(၃) ဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ကုမ္ပဏီ သို့မဟုတ် အခြား အစုစပ်လုပ်ငန်း အဖွဲ့အစည်း တစ်စုံတစ်ရာအပေါ် သမ္မန်စာချအပ်ရန်ဖြစ်လျှင် ယင်းကုမ္ပဏီ သို့မဟုတ် လုပ်ငန်းအဖွဲ့ အစည်း၏ အတွင်းရေးမှူးထံဖြစ်စေ၊ မန်နေဂျာထံဖြစ်စေ၊ အကြီးအကဲ အရာရှိထံဖြစ်စေ သို့မဟုတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ကုမ္ပဏီ သို့မဟုတ် အသင်း၏ အရာရှိချုပ်ထံသို့ စာတိုက်မှ မှတ်ပုံတင်ပြုလုပ်၍ ချအပ်ရမည်။ ယင်းကဲ့သို့ ချအပ်ရာ၌ မှတ်ပုံတင်ချောစာ ရောက်မြဲ အချိန်၌ ယင်းသမ္မန်စာ ချအပ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။