ပုဒ်မ ၄၂၈
ပုဒ်မ ၄၂၈
အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့များနှင့် ရွေးကောက်ပွဲကောက်မရှင်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သော သက်ဆိုင်ရာအရည်အချင်းနှင့် ညီညွတ်သည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။