ပုဒ်မ ၃၅၉
ပုဒ်မ ၃၅၉
ပုဒ်မ ၃၅၆ အရ သက်သေခံချက်ကို ရေးမှတ်နည်း

(၁) ပုဒ်မ ၃၅၆ အရ ရယူသော သက်သေခံချက်ကို သာမန်အားဖြင့် အမေး အဖြေပုံစံဖြင့် မရေးမှတ်ရ။ ပြောပြသည့် ပုံစံမျိုးဖြင့် ရေးမှတ်ရမည်။

(၂) ရတရားသူကြီး၊ သို့မဟုတ် ခရိုင်တရားသူကြီးသည် တစ်စုံတစ်ရာ သော မေးခွန်းနှင့် အဖြေကို မိမိသဘောအတိုင်း ရေးမှတ်နိုင်သည်၊ သို့မဟုတ် ရေးမှတ်စေနိုင်သည်။