တရားသူကြီးတစ်ဦးသည် မိမိ စီရင်ပိုင်ခွင့်အာဏာရှိသည့် နယ်မြေအတွင်း မိမိရှေ့မှောက်၌ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သည်ကိုတွေ့ရှိလျှင် ထိုသူကို မိမိကိုယ်တိုင် ဖမ်းဆီးနိုင်သည် သို့မဟုတ် ဖမ်းဆီးရန် အခြားသူတစ်ဦးကို အမိန့်ပေးနိုင်သည်။ အာမခံပေးခြင်းနှင့် စပ်လျဉ်းသော ပြဋ္ဌာန်း ထားချက်များနှင့် မဆန့်ကျင်စေဘဲ ပြစ်မှုကျူးလွန်သူကို ချုပ်ထားရန် အမိန့်ပေးနိုင်သည်။