"ကြားကာလအမြတ် / ပစ္စည်းမှထွက်ရှိသော အကျိုးအမြတ်” (Mesne Profits): ပစ္စည်းကို မတရားလက်ရှိထားသူက ယင်းပစ္စည်းမှ အမှန်"တကယ် ရရှိခဲ့သော သို့မဟုတ် သာမန်လုံ့လဖြင့် ရရှိနိုင်သော အကျိုးအမြတ်များနှင့် ယင်းအကျိုးအမြတ်များအပေါ် ရရှိသော အတိုးနှုန်းများကို ဆိုသည်။ သို့ရာတွင် မတရား လက်ရှိထားသူက ပစ္စည်းကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုပြင်ခြင်းကြောင့် ဖြစ်ထွန်းလာသော အကျိုးအမြတ်များ မပါဝင်ပါ။