ပုဒ်မ ၃၅၆
ပုဒ်မ ၃၅၆
အခြားအမှုများတွင် ရေးမှတ်ခြင်း

စက်ရှင်တရားရုံးများနှင့် ရာဇဝတ်တရားသူကြီးများက ပြုလုပ်သော အခြားစစ်ဆေး စီရင်မှုအားလုံးတွင်၊ ထို့ပြင် အခန်း ၁၂ နှင့် ၁၈ တို့အရ စုံစမ်းစစ်ဆေးမှုအားလုံးတွင် သက်သေတစ်ဦးစီ၏ သက်သေခံချက်ကို လူသိရှင်ကြား တရားခွင်တွင် တရားရုံးသုံး ဘာသာ စကားဖြင့် တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီး ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ နှုတ်တိုက် ချပေးမှုနှင့် ၎င်းကိုယ်တိုင် ညွှန်ကြားကြီးကြပ်မှုတို့ဖြင့်ဖြစ်စေ ရေးမှတ်၍ တရားသူကြီး၊ သို့မဟုတ် ရာဇဝတ်တရားသူကြီးက လက်မှတ်ရေးထိုးရမည်။