ပုဒ်မ ၁၃၂
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပခြင်း
ပြည်သူ့လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ရမည်။ သို့ရာတွင် ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက် အရဖြစ်စေ၊ တားမြစ်ထားသည့် ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို ထုတ်ပြန်ခြင်းမပြုရ။