ပုဒ်မ ၄၄၄
ပုဒ်မ ၄၄၄
ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ

(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေသော အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေးအပ်သည့် အစိုးရအဖွဲ့မပေါ်ပေါက်မီ မိမိတို့၏ သက်ဆိုင်ရာ တာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်၊

(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေသောတရားရုံးများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ထောင်သည့်တရားရုံးများ မပေါ်ပေါက်မီ ဆက်လက်၍ တရားစီရင်ပိုင်ခွင့် အာဏာများ သုံးစွဲဆောင်ရွက်ရမည်။ အဆိုပါ တရားရုံးများတွင် မပြီးမပြတ် ကျန်ရှိနေသေးသော တရားမမှုများ၊ ပြစ်မှုဆိုင်ရာ အမှုများနှင့် အခွန်တော်အမှုများကို အမှုစတင်စစ်ဆေးစဉ်က ကျင့်သုံးသည့် ဥပဒေများနှင့်အညီ ဆက်လက်စစ်ဆေး စီရင်ရမည်။