တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကသော်လည်းကောင်း၊ ယင်းလွှတ်တော်၏ အခွင့်အာဏာအရ သော်လည်းကောင်း၊ ဖြန့်ချိထုတ်ဝေသည့် အစီရင်ခံစာများ၊ စာရွက်စာတမ်းများ၊ လွှတ်တော်မှတ်တမ်းများနှင့် စပ်လျဉ်း၍ တရားစွဲဆိုပိုင်ခွင့် မရှိစေရ။