(၁) ပြစ်မှုကျူးလွန်သူကို ပြစ်မှုထင်ရှားစီရင်ခဲ့သည့် တရားရုံးကဖြစ်စေ၊ ပြစ်မှုကျူးလွန်သူ၏ မူလပြစ်မှုကို စစ်ဆေးစီရင်ပိုင်ခွင့်ရှိသည့် တရားရုံးကဖြစ်စေ ခံဝန်ချုပ်ပါ စည်းကမ်းချက် တစ်စုံတစ်ရာကို လိုက်နာရန် ပြစ်မှုကျူးလွန်သူက ပျက်ကွက်ခဲ့ကြောင်း သဘောရရှိလျှင် ၎င်းကို ဖမ်းဆီးရန် ဝရမ်းထုတ်ဆင့်နိုင်သည်။
(၂) ဆိုခဲ့သည့် ဝရမ်းဖြင့်ဖမ်းဆီးရမိသည့် ပြစ်မှုကျုးလွန်သူကို ယင်းဝရမ်း ထုတ်ဆင့်သည့် တရားရုံးသို့ ချက်ချင်း ပို့ဆောင်ရမည်။ အဆိုပါ တရားရုံးသည် အမှုမစစ်ဆေး မကြားနာမီ ထိုသူကို ချုပ်ထားစေရန် ရမန်ပေးနိုင်သည်၊ သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်းကို လာရောက်၍ နာခံပါမည်ဟူသော စည်းကမ်းချက်ဖြင့် လုံလောက်သော အာမခံသူဖြင့် အာမခံပေး နိုင်သည်။ အဆိုပါတရားရုံးသည် အမှုကို စစ်ဆေးကြားနာပြီးနောက် ပြစ်ဒဏ်ချမှတ်နိုင်သည်။