ရွေးကောက်ပွဲခုံအဖွဲ့သည် အမှုစစ်ဆေးခြင်းကိစ္စနှင့် စပ်လျဉ်း၍ တရားမကျင့်ထုံးဥပဒေအရ တရားရုံးသို့ အပ်နှင်းထားသော အာဏာများကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ ထို့ပြင် အရေးပါသော သက်သေခံချက်များကို ထွက်ဆိုနိုင်မည်ဟု ယူဆသော မည်သည့်ပုဂ္ဂိုလ်ကိုမဆို မိမိတို့၏ သဘော အတိုင်း ဆင့်ဆို၍ စစ်ဆေးနိုင်သည်။