ပုဒ်မ ၄၅၇
ပုဒ်မ ၄၅၇
အထွေထွေပြဋ္ဌာန်းချက်များ

(က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီက ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ချုပ်ဆိုထားရှိခဲ့သော ပဋိညာဉ်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ တာဝန်များနှင့် စပ်လျဉ်း၍ဖြစ်စေ ပြည်ထောင် စုမြန်မာနိုင်ငံတော်အစိုးရအားတရားစွဲဆိုနိုင်သော အခွင့်အရေးအရ တရားစွဲဆိုရန် ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင်စုအစိုးရအား တရားစွဲဆိုနိုင်သည်၊

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏အမည်ဖြင့် တရားစွဲဆိုနိုင်သည်။ ထိုနည်းတူပင် တရားစွဲဆိုခြင်းကို ခံနိုင်သည်။