ငွေဒဏ်မှတစ်ပါး ဤဥပဒေနှင့်အညီ ချမှတ်သည့် အမိန့်တစ်စုံတစ်ရာအရ ဆောင်ရမည်ဖြစ်သော၊ ထို့ပြင် တောင်းခံရန်နည်းလမ်းကို အခြားနည်းဖြင့် အတိအလင်း ပြဋ္ဌာန်းထားခြင်း မရှိသောငွေတစ်ရပ်ရပ်ကို ငွေဒဏ်ကဲ့သို့ တောင်းခံနိုင်ခွင့်ရှိစေရမည်။