ပုဒ်မ ၁၂၉
ပုဒ်မ ၁၂၉
ရှေ့နေများနှင့်အတွင်းရေးဆက်သွယ်မှုများ

မည်သည့်အမှုသည်မဆို မိမိအလိုအလျောက်တရားရုံးတွင် သက်သေအဖြစ်အစစ်မခံလျှင် ထိုသူနှင့် ယင်း၏ရှေ့နေတို့တစ်ဦးနှင့်တစ်ဦး အတွင်းရေးဆက်သွယ်မှုရေးသားချက်များကိုတရားရုံး တွင် ထုတ်ဖော်ပြောဆိုစေရန် ထိုသူအားအတင်းအကျပ်မပြုရ။ အကယ်၍ထိုသူသည်မိမိအလိုအလျောက် သက်သေအဖြစ်အစစ်ခံလျှင်လည်း အဆိုပါဆက်သွယ်မှုများအနက် ထိုသူတင်ပြထားသောသက်သေခံ ချက်ကိုရှင်းလင်းရန်အတွက် သိရှိရန်လိုအပ်သည်ဟု တရားရုံးကထင်မြင်သမျှသော ဆက်သွယ်မှုမှ တစ်ပါး အခြားဆက်သွယ်မှုကို ထုတ်ဖော်ပြောဆိုစေရန်ထိုသူအားအတင်းအကျပ်မပြုနိုင်ချေ။