ပုဒ်မ ၅၀၉
ပုဒ်မ ၅၀၉
ဆေးဘက်သက်သေ၏ အစစ်ခံချက်

(၁) တရားခံ၏ရှေ့တွင် ရာဇဝတ်တရားသူကြီးတစ်ဦးက ရယူ၍ မှန်ကြောင်း သက်သေခံလက်မှတ် ရေးထိုးထားသော၊ သို့မဟုတ် အခန်း ၄၀ အရ ကော်မရှင်ဖြင့် ရယူထားသော ဆရာဝန်ကြီးတစ်ဦး၏၊ သို့မဟုတ် အခြားဆေးဘက်သက်သေတစ်ဦး၏ အစစ်ခံချက်ကို ဤကျင့်ထုံးဥပဒေအရ ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှု၊ စစ်ဆေးစီရင်မှု၊ သို့မဟုတ် အခြားမူခင်း ကိစ္စဆောင်ရွက်မှ တစ်ခုခုတွင် အဆိုပါအစစ်ခံခဲ့သူကို သက်သေတစ်ဦးအဖြစ် ဆင့်ခေါ်ခြင်း မပြုဘဲနှင့် သက်သေခံချက်အဖြစ် တင်သွင်းနိုင်သည်။

ဆေးဘက်သက်သေကို ဆင့်ခေါ်ရန်အာဏာ။

(၂) တရားရုံးသည် မိမိသင့်သည် ထင်မြင်လျှင် အဆိုပါ အစစ်ခံသူကို ဆင့်ခေါ်၍ သူ၏အစစ်ခံချက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ စစ်မေးနိုင်သည်။