တစ်ဦးထက်ပိုသူများသည် ရာဇဝတ်မှုမြောက်သော ပြုလုပ်မှုတစ်ခုကို ကျူးလွန်ရာ၌ ပါဝင် သို့မဟုတ် သက်ဆိုင်ခဲ့လျှင် ထိုသို့ပါဝင်ခြင်း၊ သက်ဆိုင်ခြင်းဖြင့် သီးခြားစီဖြစ်သော ပြစ်မှုများကို ကျူးလွန်ရာ ရောက်နိုင်သည်။
ဥပမာ
Z သည် A အား အလွန်အကြူး အမျက်ဒေါသထွက်အောင်ပြုသဖြင့် A သည် Z ကို သတ်၏။ B က ထိုသို့အမျက်ဒေါသထွက်အောင် ပြုခြင်းမခံရဘဲလျက် Z အပေါ်၌ အမုန်းထား၍ A က Z ကို သတ်ရာတွင် သေစေရန်အကြံဖြင့် ကူညီ၏။ B မှာ လူသတ်မှုကို ကျူးလွန်သည်။ A မှာ ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုကို ကျူးလွန်ရာရောက်သည်။