ပုဒ်မ ၇၄
ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းခြင်း
ပြည်ထောင်စုလွှတ်တော်တွင်အောက်ပါလွှတ်တော်နှစ်ရပ်ပါဝင်သည်-
(က) ပုဒ်မ ၁၀၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်၊
(ခ) ပုဒ်မ ၁၄၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုး သားလွှတ်တော်။