မည်သူမဆို နိုင်ငံတော်နှင့် မဟာမိတ်ဖြစ်သော သို့မဟုတ် ငြိမ်းချမ်းလျက်ရှိသော နိုင်ငံနယ်ပယ်များတွင် တိုက်ခိုက်ဖျက်ဆီးခြင်းကို ကျူးလွန်လျှင် သို့မဟုတ် တိုက်ခိုက်ဖျက်ဆီးခြင်းကို ကျူးလွန်ရန် ပြင်ဆင်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် တိုက်ခိုက်ဖျက်ဆီးမှု ကျူးလွန်ရာတွင် အသုံးပြုသောပစ္စည်းကို သို့မဟုတ် အသုံးပြုရန် ကြံရွယ်သောပစ္စည်းကို သို့မဟုတ် တိုက်ခိုက်ဖျက်ဆီး၍ရသောပစ္စည်းကို သိမ်းယူခြင်း ခံထိုက်စေရမည်။