ပုဒ်မ ၁၅၇
ပုဒ်မ ၁၅၇
ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးအတွက် ငှားရမ်းခြင်းခံရသူများကို လက်သင့်ခံခြင်း

ဥပဒေနှင့်ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်ရန် သို့မဟုတ် အစုအဝေးဝင်ဖြစ်လာစေရန် ငှားရမ်း ခြင်းခံရသော သို့မဟုတ် ရယူခြင်းခံရသော သို့မဟုတ် စေခိုင်းခြင်း ခံရသော သို့မဟုတ် ငှားရမ်းခြင်းဖြစ်စေ၊ ရယူခြင်းဖြစ်စေ၊ စေခိုင်းခြင်းဖြစ်စေ ခံရမည့်ဆဲဆဲ ဖြစ်သောသူများဖြစ်ကြောင်း သိလျက်နှင့် မည်သူမဆို မိမိလက်ရှိအသုံးပြုနေသော သို့မဟုတ် ထိန်းသိမ်းနေသော သို့မဟုတ် အုပ်ချုပ်နေသော အိမ်၌ဖြစ်စေ၊ ဥပစာ၌ဖြစ်စေ ထိုသူများကို လက်သင့်ခံလျှင် သို့မဟုတ် လက်ခံလျှင် သို့မဟုတ် စုဝေးစေလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


ကျင့်ထုံး
  1. ရဲအရေးပိုင်သည်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. မည်သည့်တရားသူကြီးကမဆို စစ်ဆေးနိုင်သည်။