ပြဿနာဖြစ်သည့်ကိစ္စမှာ အချို့သောသူများသည်အစုစပ်ဝင်များသော်လည်းကောင်း၊ အိမ်ရှင်နှင့် အိမ်ငှားသော်လည်းကောင်း၊ မြေရှင်နှင့်မြေငှားသော်လည်းကောင်း၊ ကိုယ်စားဆောင်ရွက်သူအားခန့်သူ နှင့် ကိုယ်စားဆောင်ရွက်သူသော်လည်းကောင်း ဟုတ် မဟုတ် ဟူသောကိစ္စဖြစ်သည့်အခါ ထိုသူ များသည် ဖော်ပြပါအတိုင်းပြုမူဆောင်ရွက်လျက်နေကြကြောင်း တင်ပြချက်ရှိခဲ့လျှင် ထိုသူများသည် တစ်ဦးနှင့်တစ်ဦးထိုကဲ့သို့ဆက်သွယ်မှု အနေအထားအသီးသီးတွင်မရှိကြောင်း သို့မဟုတ် ထိုအနေ အထား အတိုင်းဆက်သွယ်ရာမှရပ်စဲပြီးဖြစ်ကြောင်း သက်သေထင်ရှားတင်ပြရန်တာဝန်သည် ထိုသို့ ဆက်သွယ်မှုမရှိကြောင်း သို့မဟုတ် ထိုသို့ဆက်သွယ်မှုရပ်စဲပြီးကြောင်းအတည်ပြုပြောဆိုသူအပေါ် ကျရောက်သည်။