ပုဒ်မ ၄၉၀
ပုဒ်မ ၄၉၀
စရိတ်ထောက်ပံ့ကြေးပေးရန် အမိန့်ကို အကျိုးသက်ရောက်အောင် ဆောင်ရွက်ခြင်း

စရိတ်ထောက်ပံ့ကြေးပေးရန် အမိန့်မိတ္တူတစ်စောင်ကို ထောက်ပံ့ကြေးရမည့်သူ အားဖြစ်စေ၊ ၎င်း၌အုပ်ထိန်းသူရှိလျှင် ၎င်း၏အုပ်ထိန်းသူအားဖြစ်စေ၊ ထောက်ပံ့ကြေး ပေးအပ်ခြင်း ခံရမည့်သူအားဖြစ်စေ အခမဲ့ ထုတ်ပေးရမည်။ ၎င်းအပြင် အဆိုပါအမိန့်ကို ယင်းသို့ ထောက်ပံ့ကြေးပေးစေရန် အမိန့်ချမှတ်ခြင်းခံရသူ နေထိုင်ရာ မည်သည့်အရပ်ဒေသရှိ ရာဇဝတ် တရားသူကြီးမဆို အမှုသည်များ မှန်ကန်ကြောင်းနှင့် ပေးရန်ရှိသည့် ထောက်ပံ့ကြေးကို မပေး ခြင်းမှာလည်း မှန်ကန်ကြောင်း ကျေနပ်လက်ခံလျှင် အဆိုပါအမိန့်ကို အတည်ပြုနိုင်သည်။